နော်ဝေနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကင်းဒမ်းအော့ဖ်နော်ဝေ
Kongeriket Norge
Kongeriket Noreg
Flag of Norway.svg Coat of arms of Norway.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - မရှိ
ပထဝီ
Europe-Norway.svg
မြို့တော် အော့စလိုမြို့
ဧရိယာ
  • ဧရိယာ - ၃၈၅,၂၅၂ (အဆင့်: )
  • ရေဖုံးလွှမ်းမှု - ၇.၀%
စံတော်ချိန်ဇုန် UTC ဂရင်းနစ် +၁
လူနေမှု
ရုံးသုံးဘာသာများ နော်ဝေဘာသာ (ဘွက်မုလ်/နယ်နောသ်က်)လူလေစာမီဘာသာမြောက်စာမီဘာသာတောင်စာမီဘာသာ
လူဦးရေ
နိုင်ငံရေး
အစိုးရခေါင်းဆောင်များ
  • ဘုရင် - ဟာရဲလ် ၅
  • ဝန်ကြီ:ချုပ် - ဂျန် စတိုလ်တန် ဘဂ်
ထူထောင်မှု
  • -
စီးပွားရေး
GDP(PPP) ၂၅၉.၀၉၄ ဘီလီယံ (အဆင့် - )
GDP(PPP) အမေရိကန်ဒေါ်လာ ၅၂,၉၆၄.၂၈၀ (အဆင့် - )
ငွေ နော်ဝေ ကရုမ်း
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .no
Calling code +၄၇

နော်ဝေနိုင်ငံ (တရားဝင် အခေါ် ကင်းဒမ်းအော့ဖ် နော်ဝေ) သည် မြောက်ဥရောပတွင် ရှိသော နော်ဒစ်တိုင်းပြည်တစ်ခုဖြစ်ပြီး စကင်ဒီနေဗီးယား ကျွန်းဆွယ်၏ အနောက်ဘက်ပိုင်း နှင့် ဂျန်မေယန် (Jan Mayen) ဟုခေါ်သော အာတိတ် ကျွန်းစုများထဲမှ Svalbard နှင့် Bouvet ကျွန်းများ တွင် တည်ရှိသည်။ နော်ဝေနိုင်ငံသည် ဧရိယာ စတုရန်းမိုင်ပေါင်း ၁၄၈, ၇၄၇ မိုင် (စတုရန်းကီလိုမီတာ ၃၈၅ ,၂၅၂ ကီလိုမီတာ ရှိပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလ တစ်ရက် စာရင်း အရ လူဦးရေ ၅ ,၁၀၉ ,၀၅၉ ဦးရှိသည်။ နော်ဝေနိုင်ငံသည် ဥရောပတွင် ဒုတိယမြောက် လူဦးရေ သိပ်သည်းမှု အနည်းဆုံး နိုင်ငံဖြစ်သည်။ အရှေ့ဘက်တွင် ဆွီဒင်နိုင်ငံနှင့် ထိစပ်လျှက်ရှိသော နယ်စပ် အရှည် ၁၀၀၆ မိုင် (၁၆၁၉ ကီလိုမီတာ ရှိပြီး) စကင်ဒီနေးဗီးယား နှင့် ဥရောပအတွင်းတွင် အပြတ်အတောက် မရှိဘဲ ထိစပ်လျှက် ရှိသော အရှည်ဆုံး နယ်စပ်ဖြစ်သည်။ အရှေ့မြောက်ဘက်တွင်ဖင်လန်နိုင်ငံရုရှားနိုင်ငံတို့နှင့် ထိစပ်လျှက် ရှိပြီး တောင်ဘက်တွင် Skagerrak ရေလက်ကြား ရှိသည်။ ထိုရေလက်ကြား၏ တစ်ဖက်ခြမ်းတွင် ဒိန်းမတ်နိုင်ငံ တည်ရှိသည်။

နော်ဝေနိုင်ငံ၏ မြို့တော်မှာ အော့စလိုမြို့ ဖြစ်သည်။