ဩစတြေးလျနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဩစတြေးလျ ဓနသဟာယနိုင်ငံ
Flag of Australia.svg Coat of Arms of Australia.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ပထဝီ
Australia (orthographic projection).svg
မြို့တော် ကင်ဘာရာမြို့
အကြီးဆုံးမြို့ ဆစ်ဒနီမြို့
ဧရိယာ
  • ဧရိယာ - ၇၇၄၁၂၂၀ km² (၂၉၈၈၉၀၂ sq mi) (အဆင့်: )
  • ရေဖုံးလွှမ်းမှု - ၁%
စံတော်ချိန်ဇုန် UTC အမျိုးမျိုးရှိသည်။
လူနေမှု
ရုံးသုံးဘာသာများ မရှိ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား ပါလီမန် ဒီမိုကရေစီနှင့် စည်းမျဉ်းခံ ဘုရင်စနစ်
အစိုးရခေါင်းဆောင်များ
  • ဘုရင်မ - အယ်လီဇဘက် ဒုတိယ
  • ဘုရင်ခံချုပ် - မိုက်ကယ် ဂျက်ဖရီ
  • ဝန်ကြီးချုပ် - ကီဗင်ရက်ခ်
ထူထောင်မှု
  • အင်္ဂလန်မှ လွတ်လပ်ရေးရခြင်း -
  • ဖွဲ့စည်းပုံအခြေခံဥပဒေ - ဇန်နဝါရီ ၁ ရက်၊ ၁၉၀၁
  • ဩစတြေးလျ ဥပဒေ - မတ်လ ၃ရက် ၁၉၈၆
စီးပွားရေး
GDP(PPP) USD $ ၁၈.၄ ဘီလီယံ (အဆင့် - ၁၇)
GDP(PPP) USD $ ၃၄၃၅၉ (အဆင့် - ၁၄)
HDI ၀.၉၆၂ (အဆင့် - ၃)
ငွေ ဩစတြေးလျဒေါ်လာ
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
ISO 3166-1 AU
CCLTD .au
Calling code +၆၁

ဩစတြေးလျနိုင်ငံ၏ တရားဝင်အမည်မှာ ဩစတြေးလျ ဓနသဟာယ နိုင်ငံဟု ခေါ်ဝေါ်ပြီး ကမ္ဘာ့တောင်ဖက်ခြမ်းတွင် တည်ရှိသည်။ ဩစတြေးလျနိုင်ငံတွင် ကမ္ဘာ့အသေးဆုံးတိုက်ဖြစ်သော ဩစတြေးလျတိုက်၊ တက်စမေးနီးယားကျွန်းမကြီး၊ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုပေါင်းများစွာ ပါဝင်သည်။ အိမ်နီးချင်းနိုင်ငံများမှာ မြောက်ဖက်၌ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့တီမောနိုင်ငံနှင့် ပါပူအာနယူးဂီနီနိုင်ငံ၊ အရှေ့မြောက်ဖက်၌ ဆော်လမွန်ကျွန်းစုများ၊ ဗနွားတူနိုင်ငံနှင့် နယူးကယ်လီဒိုးနီးယား၊ အရှေ့တောင်ဖက်တွင် နယူးဇီလန်နိုင်ငံတို့ ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုတည်းက တိုက်တစ်ခုလုံးကို နေရာယူထားသော တိုက်ဟူ၍ ဩစတြေးလျတစ်ခုသာ ရှိသည်။

ဩစတြေးလျ ကုန်းမကြီးပေါ်တွင် ဩစတြေးလျ နေရင်းလူမျိုးတို့ နေထိုင် လာခဲ့ကြ သည်မှာ နှစ်ပေါင်း ၄၂၀၀၀ ကျော်မျှ ရှိပြီဖြစ်သည်။ မြောက်ဖက်အရပ်မှ တံငါသည်များ တစ်ခါတစ်ရံလာရောက်မှုနှင့် ဥရောပမှ ဒတ်ချ်လူမျိုး စူးစမ်းရှာဖွေသူတို့၏ ၁၆၀၆ ခု ရှာဖွေတွေ့ရှိမှု အပြီးတွင် ဩစတြေးလျအရှေ့ခြမ်းကို ဗြိတိသျှတို့က ပိုင်နက်အဖြစ် ၁၇၇၀ တွင် ကြေငြာခဲ့သည်။ အစကနဦးပိုင်းတွင် ၂၆ ဇန်နဝါရီ ၁၇၈၈ မှ အစပြု၍ နယူး ဆောက်ဝေး ကိုလိုနီဒေသသို့ ရာဇဝတ်မှု ကျူးလွန်သူတို့အား ပို့လွှတ်ရာ ဒေသအဖြစ် အသုံးပြုခြင်းအားဖြင့် အင်္ဂလိပ်တို့ စတင် ရောက်ရှိလာခဲ့သည်။ လူဦးရေ တိုးပွားလာပြီး နယ်မြေသစ်များ ရှာဖွေတွေ့ရှိ လာသည်နှင့်အမျှ ၁၉ ရာစုနှစ်တွင် ဗြိတိသျှ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရသော ရေမြေခြား ကိုလိုနီတိုင်းကြီး ၅ တိုင်းကို ထပ်မံ တည်ထောင်ခဲ့သည်။

ဇန်နဝါရီလ ၁ ရက် ၁၉၀၁ တွင် ကိုလိုနီတိုင်းကြီး ၆ တိုင်းကို ဖက်ဒရယ်စနစ်ဖြင့် ပူးပေါင်းခဲ့ပြီး ဩစတြေးလျ ဓနသဟာယနိုင်ငံကို ထူထောင်ခဲ့သည်။

ဝေါဟာရသမိုင်း[ပြင်​ဆင်​ရန်​]

Australia ဟူသောစကားလုံးသည် လက်တင်ဘာသာစကား australis မှ ဆင်းသက် လာသည်။ တောင်ပိုင်း "southern" ဟု အဓိပ္ပါယ်ရသည်။ ရောမခေတ်က "unknown land of the south" အမျိုးအမည် မသိသေးသော ကမ္ဘာ့တောင်ပိုင်းကုန်းမြေ (terra australis incognita) ဟု ခေါ်ဝေါ်ခဲ့ကြကြောင်း ဒဏ္ဍာရီလာပုံပြင်များအရ သိရှိရသည်။ ခိုင်လုံသော အထောက်အထား မှတ်တမ်းအနေဖြင့် ၁၆၂၅ခုနှစ်တွင် မာစတာ ဟက္ကလွတ် ရေးသားသော "A note of Australia del Espíritu Santo" စာအုပ်တွင် Australia ဟူသောစကားလုံးကို သုံးနှုန်းထားကြောင်း ပထမဆုံး တွေ့ရှိရသည်။ ၁၆၃၈ ခုနှစ်တွင် ဩစတြေးလျမြေပေါ်သို့ ပထမဆုံး အခြေချခဲ့သော ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီ၏ မှတ်တမ်းများတွင် Australische ဟု ရေးသားသုံးနှုန်းခဲ့ကြသည်။ ဟူသော စကားလုံးကို တွင်ကျယ်စွာ အသုံးပြုလာကြသည်မှာ ၁၈၀၄ ခုနှစ်ရောက်မှ ဖြစ်သည်။ မက်သယူး ဖလင်းဒါးစ်က ၁၈၁၄ ခုနှစ်တွင် ထုတ်ဝေသော A Voyage to Terra Australis ဟူသည့် စာတမ်းများနှင့် ရေပုံများတွင် စတင်သုံးစွဲလိုက်ခြင်းဖြစ်သည်။ ၁၈၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးရုံးမှ တရားဝင် စတင်ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ၁၈၂၄ ခုနှစ်တွင် Admiralty မှ သဘောတူလက်ခံပြီး ဩစတြေးလျတိုက်ဟု တရားဝင် ပြဌာန်းလိုက်သည်။

နိုင်ငံသမိုင်း[ပြင်​ဆင်​ရန်​]

လွန်ခဲ့သောနှစ်ပေါင်း ၄၂,၀၀၀ မှ ၄၈,၀၀၀ ကြားခန့်လောက်ကတည်းက ဩစတြေးလျတိုက်တွင် လူသားတို့ စတင်အခြေချ နေထိုင်ခဲ့ကြသည်ဟု ပညာရှင်များ တွက်ဆကြသည်။ ကုန်းမြေ အနေအထား အနီးဆုံးဖြစ်သော အရှေ့တောင်အာရှဒေသမှ ပင်လယ်ကိုဖြတ်သန်းကာ ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။ ၁၈ ရာစုနှစ် ဥရောပတိုက်သားများ စတင်ရောက်ရှိလာချိန်အထိ အဆိုပါ ဒေသခံ ဩစတြေးလျ တိုင်းရင်းသားများမှာ အမဲလိုက်ခြင်း၊ ယာဇ်နတ်ပူဇော်ပသခြင်းတို့ဖြင့်သာ အသက်မွေးကြကြောင်း မှတ်တမ်းများအရ သိရှိရသည်။

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

ဖက်ဒရယ်ပြည်ထောင်စုအပေါ်အခြေခံထားသော စည်းမျဉ်းခံဘုရင်စနစ် ဒီမိုကရေစီနိုင်ငံဖြစ်သည်။ နိုင်ငံတော်၏ အကြီးအကဲမှာ ဒုတိယမြောက် အဲလီဇဘက် ဘုရင်မကြီး ဖြစ်သည်။ ဘုရင်ခံချုပ်တွင် အာဏာရှိသော်လည်း သာမာန်အားဖြင့် ဝန်ကြီးချုပ်မှသာ နိုင်ငံကို အုပ်ချုပ်သည်။ သို့ရာတွင် ဘုရင်ခံချုပ်သည် ဝန်ကြီးချုပ်ကို ကျော်လွန်၍ အာဏာသုံးပိုင်ခွင့် ရှိကြောင်းကို ၁၉၇၅ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းဖြစ်ချိန်တွင် ဘုရင်ခံချုပ်က ဝတ္တလမ်အစိုးရအဖွဲ့ကို ဖျက်သိမ်းပစ်ခဲ့ခြင်းဖြင့် ပြသခဲ့သည်။ အစိုးရတွင် အာဏာပိုင်အဖွဲ့အစည်း သုံးရပ်ရှိသည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ဖြစ်ကြသည်။

ဥပဒေပြုရေး[ပြင်​ဆင်​ရန်​]

ဓနသဟာယပါလီမန်ဖြစ်သည်။ ဘုရင်မကြီး၊ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ ပါဝင်သည်။ ဘုရင်ခံချုပ်သည် ဘုရင်မကြီးကိုယ်စားဖြစ်သည်။

အုပ်ချုပ်ရေး[ပြင်​ဆင်​ရန်​]

ဖက်ဒရယ်ပြည်ထောင်စုကောင်စီတွင် ဘုရင်ခံချုပ်နှင့် အမှုဆောင်ကောင်စီဝင်များ ပါဝင်သည်။ စင်စစ်တွင် ကောင်စီဝင်များမှာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများပင်ဖြစ်ကြသည်။

တရားစီရင်ရေး[ပြင်​ဆင်​ရန်​]

ဗဟိုတရားရုံးချုပ်နှင့် ပြည်နယ်တရားရုံးများ ပါဝင်သည်။ ယူကေနိုင်ငံ ပရီဗီကောင်စီသို့ အယူခံဝင်ခြင်းကို ၁၉၈၆ ခုနှစ် ဩစတြေးလျအက်ဥပဒေအရ စါန့်လွှတ်ခဲ့သည်။

ပါလီမန်[ပြင်​ဆင်​ရန်​]

ပါလီမန်တွင် လွှတ်တော်နှစ်ရပ် ပါဝင်သည်။ အထက်လွှတ်တော် ကိုယ်စားလှယ်ဦးရေ (၇၆) နေရာနှင့် အောက်လွှတ်တော် ကိုယ်စားလှယ်ဦးရေ (၁၅၀) နေရာတို့ဖြင့် ဖွဲ့စည်းထားသည်။ ပါလီမန်မှ အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး ခေါင်းဆောင်မှာ ဝန်ကြီးချုပ်ဖြစ်သည်။

နိုင်ငံရေးပါတီများ[ပြင်​ဆင်​ရန်​]

နိုင်ငံရေးပါတီ အဓိကပြိုင်ဘက် ပါတီနှစ်ခုရှိသည်။ ဩစတြေးလျန်း လေဘာပါတီနှင့် နှစ်ပါတီ ညွန့်ပေါင်းအဖွဲ့တို့ ဖြစ်သည်။ ညွန့်ပေါင်းအဖွဲ့တွင် လစ်ဘရယ်ပါတီနှင့် နေရှင်နယ်ပါတီတို့ ပူးပေါင်းထားခြင်းဖြစ်သည်။ သဂရင်းနှင့် ဩစတြေးလျန်းဒီမိုကရက်တို့ ကဲ့သို့သော အခြားနိုင်ငံရေး ပါတီငယ်များလည်း ရှိသေးသည်။

ပြည်နယ်များနှင့်ပိုင်နက်နယ်မြေများ[ပြင်​ဆင်​ရန်​]

ပြည်နယ် (၆)ခုရှိသည်။ နယူးဆောက်သ်ဝေးလ်စ်၊ ကွင်းစ်လန်၊ တောင်ဩစတြေးလျ၊ တက်စ်မေးနီးယား၊ ဝိတိုရီးယ၊ အနောက်ဩစတြေးလျ တို့ဖြစ်ကြသည်။ အဓိကပိုင်နက်နယ်မြေကြီးနှစ်ခုရှိသည်။ မြောင်ဩစတြေးလျနှင့် ဩစတြေးလျ မြို့တော်နယ်မြေတို့ဖြစ်သည်။

နိုင်ငံခြားဆက်ဆံရေး[ပြင်​ဆင်​ရန်​]

ပထဝီဝင်အနေအထား[ပြင်​ဆင်​ရန်​]

ပတ်ဝန်းကျင်[ပြင်​ဆင်​ရန်​]

စီးပွားရေး[ပြင်​ဆင်​ရန်​]

လူဦးရေနှင့်လူမျိုးများ[ပြင်​ဆင်​ရန်​]

ဘာသာစကား[ပြင်​ဆင်​ရန်​]

ယုံကြည်ကိုးကွယ်မှု[ပြင်​ဆင်​ရန်​]

ပညာရေး[ပြင်​ဆင်​ရန်​]

ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]