ကမ္ဘာဂြိုဟ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကမ္ဘာကိုအာကာသမှမြင်ရပုံ

ကမ္ဘာဂြိုဟ်(Earth) သည် လူသားများ၊ တိရိစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ နေမှရေတွက်ပါက တတိယမြောက်ဂြိုလ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။ ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟုသတ်မှတ်ကြသည်။ နေသည် ကမ္ဘာကို ထွန်းလင်းရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ကမ္ဘာသည် ရေပါဝင်မှု ၇၀% နှင့် ကုန်းမြေ ၃၀% ခန့်ရှိသည်။ နေအဖွဲ့အစည်းအတွင်း သက်ရှိနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ အနီးရှိ ကြာသာပတေးဂြိုဟ် ၏ ပြင်းထန်သော စွဲအားကြောင့် ဥက္ကာပျံများ၏ တိုက်မိနိုင်ချေမှ အတန်အသင့်အကာအကွယ် ရနေသည်ဟု ယူဆထားသည်။

အရွယ်အစား[ပြင်​ဆင်​ရန်​]

ကမ္ဘာ၏အချင်းမှာ ကီလိုမီတာ ၁၂,၇၁၄ ရှိသည်။ ကမ္ဘာ၏အဝန်းမှာ ကီလိုမီတာ ၄ဝ,ဝ၇၅ ရှိသည်။

အရောင်[ပြင်​ဆင်​ရန်​]

အာကာသမှကြည့်လျှင် ပြာလဲ့လဲ့နှင့် တိမ်များရှိနေခြင်းကြောင့် လှပသော ဖန်ဂေါ်လီတစ်လုံးကို မြင်ရသကဲ့သို့ရှိသည်။

ယေဘုယျအချက်အလက်များ[ပြင်​ဆင်​ရန်​]

  • သက်တမ်း = ၄၅၀၀,၀၀၀,၀၀၀ နှစ်
  • ဧရိယာ = ၅၀၉,၆၀၀,၀၀၀ စတုရန်း ကီလိုမီတာ (၁၉၇,၀၀၀,၀၀၀) စတုရန်းမိုင်
  • မြေထု = ၆၀ x ၁၀ ၂၄ ကီလိုဂရမ်
  • မြေပြင်ဧရိယာ = ၁၄၈,၀၀၀,၀၀၀ စတုရန်း ကီလိုမီတာ၊ ၅၇,၀၀၀,၀၀၀ စတုရန်းမိုင် (ခန့်မှန့်ခြေအရ စုစုပေါင်းဧရိယာ၏ ၂၉%)
  • ရေပြင်ဧရိယာ = ၃၆၁,၀၀၀,၀၀၀ စတုရန်း ကီလိုမီတာ၊ ၁၄၀,၀၀၀,၀၀၀ စတုရန်းမိုင် (ခန့်မှန့်ခြေအရ စုစုပေါင်းဧရိယာ၏ ၇၁%)
  • အဝန်း (အီကွေတာ) = ၄၀၀၇၆ ကီလိုမီတာ၊ ၂၄၉၀၂ မိုင်
  • အဝန်း (မီရီဒီယန်) = ၄၀၀၀၀ ကီလိုမီတာ၊ ၂၄၈၆၀ မိုင်
  • အချင်း(အီကွေတာ) = ၁၂၇၅၇ ကီလိုမီတာ၊ ၇၉၂၇ မိုင်
  • အချင်း(မီရီဒီယန်) = ၁၂၇၁၄ ကီလိုမီတာ၊ ၇၉၀၀ မိုင်
  • ဝင်ရိုးပေါ်တွင် လည်သည့်ကာလ = ၂၃ နာရီ ၅၆ မိနစ် ၄.၉၉၆ စက္ကန့်
  • မြေစပ်လေထု = ၈၀ ကီလိုမီတာ၊ မိုင် ၅၀ ထုထည်
  • အလယ်လွှာ (အပေါ်ယံ) အထူ = ကီလိုမီတာ ၇၀၀/ မိုင် ၄၃၀
  • အလယ်လွှာ (အောက်ပိုင်းအထူ) အထူ = ကီလိုမီတာ ၂၂၀၀/ မိုင် ၁၃၇၀
  • အတွင်းသား အနှစ်ပိုင်း (အပြင်) အထူ = ကီလိုမီတာ ၂၂၅၀/ မိုင် ၁၄၀၀
  • အတွင်းသား အနှစ်ပိုင်း (အတွင်း) အထူ = ကီလိုမီတာ ၃၄၈၀/ မိုင် ၂၁၆၀
  • အတွင်းသား သိပ်သည်းမှု = ၁၃.၀၉ ဂရမ်/ စင်တီမီတာ
  • အတွင်းအနှစ်ပိုင်း အပူချိန် = ၄၅၀၀ စင်တီဂရိတ်
  • မြေမျက်နှာပြင် အပူချိန်= ပျမ်းမျှ ၁၅ ဒီဂရီ ဆဲဆီးယပ်

ကမ္ဘာမြေကြီး အပေါ်ယံ အခွံပိုင်း ဖွဲ့စည်းမှု[ပြင်​ဆင်​ရန်​]

  1. အောက်စီဂျင် - ၄၆.၆ %
  2. ဆီလီကွန် - ၂၇.၇၂ %
  3. အလူမီနီယံ - ၈.၁၃ %
  4. သံ - ၅.၀%
  5. ကယ်လ်စီယမ် - ၃.၆၃ %
  6. ဆိုဒီယမ် - ၂.၈၃ %
  7. ပိုတက်ဆီယမ် - ၂.၅၉ %
  8. မက်ဂနီဆီယမ် - ၂.၀၉ %
  9. အခြားဒြပ်စင် - ၁.၄၁ % [၁]

ဆက်လက်ဖတ်ရှုရန်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. တင်စိန်(ပထဝီဝင်)၏ ကမ္ဘာ့ရေးရာ အချက်အလက် အဘိဓာန်