ဂမ်ဘီယာနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂမ်ဘီယာသမ္မတနိုင်ငံ
Flag of The Gambia.svg [[Image:|85px]]
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - Progress, Peace, Prosperity
နိုင်ငံတော်သီချင်း - For The Gambia Our Homeland
ပထဝီ
LocationGambia.svg
မြို့တော် ဘန်ဂျူမြို့
အကြီးဆုံးမြို့ ဆယ်ရီကွန်ဒါမြို့
ဧရိယာ
  • ဧရိယာ - ၁၀,၃၈၀ km2² (၄,၀၀၇ sq mi) (အဆင့်: ၁၆၄)
  • ရေဖုံးလွှမ်းမှု - %
စံတော်ချိန်ဇုန် UTC GMT
လူနေမှု
ရုံးသုံးဘာသာများ အင်္ဂလိပ်ဘာသာ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား သမ္မတနိုင်ငံ
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Yahya Jammeh
  • ဝန်ကြီးချုပ် - Isatou Njie-Saidy
ထူထောင်မှု
စီးပွားရေး
ငွေ ဒါလာဆီ
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .gm
Calling code +၂၂၀

ဂမ်ဘီယာသမ္မတနိုင်ငံသည် အာဖရိကအနောက်ပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဂမ်ဘီယာသည် အာဖရိကတိုက် ကုန်းမကြီးပေါ်တွင် အသေးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်တွင် ဆီနီဂေါလ်နိုင်ငံ ရှိပြီး အနောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာနှင့် ထိစပ်နေသော တိုတောင်းသည့် ကမ်းရိုးတန်း ရှိသည်။

ဂမ်ဘီယာနိုင်ငံသည် ဂမ်ဘီယာမြစ် အနီးတွင် တည်ရှိပြီး ထိုမြစ်သည် နိုင်ငံ၏ အလယ်ပိုင်းကို ဖြတ်သန်းပြီး အတ္တလန္တိတ်သမုဒ္ဒရာ အတွင်းသို့ စီးဝင်သည်။ အကျယ်အဝန်းအားဖြင့် ၁၀,၅၀၀ စတုရန်းကီလိုမီတာ ခန့်ရှိပြီး လူဦးရေမှာ ၁.၇ သန်းခန့် ရှိသည်။ အစ္စလာမ်ဘာသာ ကိုးကွယ်ကြသူများမှာ အများစု ဖြစ်ပြီး အင်္ဂလိပ်ဘာသာ စကားမှာ ရုံးသုံးဘာသာ ဖြစ်သည်။

၁၉၆၅ခုနှစ် ဖေဖော်ဝါရီလတွင် ဂမ်ဘီယာနိုင်ငံသည် ယူနိုက်တက်ကင်းဒမ်း မှ လွတ်လပ်ရေး ရခဲ့ပြီး ဓနသဟာယနိုင်ငံများ အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ဘမ်ဂျူလ်မြို့ သည် ဂမ်ဘီယာ၏ မြို့တော်ဖြစ်သော်လည်း အကြီးဆုံးမြို့မှာ ဆီရီကွန်ဒါမြို့ဖြစ်သည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ဂမ္ဗီယာနိုင်ငံသည် ၁၆၆၁ ခုနှစ်ကတည်းက ဗြိတိသျှပိုင် ဖြစ်ခဲ့သည်။ ဗြိတိန်နိုင်ငံ ပထမဂျိမ်းဘုရင် လက်ထက်တွင် စွန့်စားသွားလာသူ ဗြိသိသျှကုန်သည်များသည် ဂမ်ဘီယာမြစ်ဝရှိ စိန့်မေရီ အမည်ပေးခဲ့သော ကျွန်းကလေး တစ်ကျွန်းသို့ ရောက်ရှိပြီး ကူးသန်းရောင်းဝယ်ရေး ဌာနတစ်ခုကို ဖွင့်လှစ် ခဲ့သည်။

ဗြိသိသျှကုန်သည်များသည် ဂမ်ဘီယာမြစ်ကြောင်းအတွင်း သို့ ဝင်ရောက်၍ အခြား ဆိပ်ကမ်းမြို့ကလေးများကို တည်ဆောက် ပြန်သည်။ နှစ်ပေါင်း ၂ဝဝ အတွင်း မြစ်တစ်ဖက် တစ်ချက်တွင် ၁ဝ မိုင်ခန့် ရှည်လျား ကျယ်ပြန့်သော မြေရိုင်းများကို ချဲ့ထွင်၍ အလျားမိုင် ၂၈ဝ ခန့်အထိ ပိုင်ဆိုင်လာခဲ့သည်။

ဗြိတိသျှအစိုးရသည် ဂမ်ဘီယာနိုင်ငံကို ၁၉ဝ၂ ခုနှစ်တွင် ဩဇာခံ နယ်မြေအဖြစ် သိမ်းပိုက် အုပ်ချုပ်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရသော အစိုးရ ဖြစ်လာပြီး ၁၉၆၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။

ဂမ်ဘီယာနိုင်ငံသည် လွတ်လပ်ရေး ရပြီးနောက် ဆီနီဂေါလ်နိုင်ငံနှင့် သင့်မြတ်ရန် ကြိုးစားခဲ့ရသည်။ ဆီနီဂေါလ်နိုင်ငံနှင့် တသားတည်း ဖြစ်သည့်အပြင် အမျိုးသားချင်းလည်း နီးစပ်မှု ရှိသော နိုင်ငံဖြစ်သည်။

၁၉၇ဝ ပြည့်နှစ်တွင် သမ္မတနိုင်ငံအဖြစ် ထူထောင်ပြီး ဗြိတိသျှ ဓနသဟာယအဖွဲ့အတွင်း ပါဝင်ခဲ့ပေသည်။ ယခင်က ဝန်ကြီးချုပ် ဖြစ်ခဲ့သူ ဒေါ်ဒါကေရာဗာဂျဝါရာသည် ပထမဆုံး သမ္မတ ဖြစ်လာသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (PDF). United Nations. Retrieved on 2009-03-12. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)