ဂျာမနီနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျာမနီ ဖက်ဒရယ် သမ္မတ နိုင်ငံ
ဂျာမနီ
Flag of Germany.svg Coat of arms of Germany.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ပထဝီ
EU-Germany.svg
မြို့တော် ဘာလင်မြို့
အကြီးဆုံးမြို့ မြို့တော်
ဧရိယာ
  • ဧရိယာ - ၃၅၇ ၀၂၁ စတုရန်း ကီလိုမီတာ (၁၃၇ ၈၄၇ စတုရန်းမိုင်) (အဆင့်: )
  • ရေဖုံးလွှမ်းမှု - %
စံတော်ချိန်ဇုန် UTC +၁
လူနေမှု
ရုံးသုံးဘာသာများ ဂျာမန်ဘာသာ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား သမ္မတ ဦးစီးသော ဖက်ဒရယ် ပါလီမန် စနစ်
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Joachim Gauck
  • အဓိပတိ - အင်ဂျလာ မာကယ်
  • ဘွန်ဒီစတက်၏ သမ္မတ - Norbert Lammert
ထူထောင်မှု
စီးပွားရေး
GDP(PPP) ၂.၈၀၆ ထရီလီယံ (အဆင့် - )
GDP(PPP) US $၃၄,၂၁၂ (အဆင့် - )
HDI ၀.၈၈၅ (အမြင့်) (အဆင့် - ၁၀)
ငွေ ယူရို (€)
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
ISO 3166-1 DE
CCLTD .de
Calling code +၄၉

ဂျာမနီနိုင်ငံသည် ဥရောပတိုက်အလယ်ပိုင်းတွင် ရှိသောနိုင်ငံတခုဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၃၅၇၀၂၁ စတုရန်း ကီလိုမီတာရှိသည်။ အိမ်နီးချင်းနိုင်ငံပေါင်း ကိုးနိုင်ငံရှိပြီး ၎င်းတို့မှာ ဩစတြီးယားဘယ်လ်ဂျီယမ်နိုင်ငံချက်သမ္မတနိုင်ငံဒိန်းမတ်ပြင်သစ်လူဇင်ဘတ်နိုင်ငံနယ်သာလန်ပိုလန် နှင့် ဆွစ်ဇာလန်နိုင်ငံ တို့ဖြစ်ကြသည်။ ပြည်နယ်ပေါင်း ၁၆ ခုဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်၍ မြို့တော်မှာ ဘာလင် ဖြစ်သည်။ မိုးလေဝသအခြေအနေမှာ မကြာခဏပြောင်းလဲလေ့ရှိပြီး အဓိကအားဖြင့် အနောက်လေများတိုက်ခိုက်သည့် မျှတသော သမုဒ္ဒရာပိုင်း ရာသီဥတုဖြစ်သည်။

၁၉၄၉ ခုနှစ်မှစ၍ ဒီမိုကရက်တစ် ပါလီမန်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံဖြစ်သည်။ ပြည်နယ်တစ်ခုစီတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံ၊ပါလီမန်နှင့် အစိုးရအဖွဲ့တို့ရှိသည်။ ပြည်ထောင်စု အစိုးရက နိုင်ငံတော်၏ အမြင့်ဆုံးအာဏာကို ကိုင်တွယ်ကျင့်သုံးသည့် ဘွန်းဒတ်စ်ရတ်ခေါ် ပြည်သူ့လွှတ်တော်မှ တဆင့်ပြည်နယ်များသည် ပြည်ထောင်စုအဆင့်တွင်ကိုယ်စားပြုပြီး ပြည်ထောင်စုဥပဒေ ပြုအဖွဲ့တွင်ပါဝင်သည်။ ပါတီစုံစနစ် နိုင်ငံရေးဖြစ်ပြီး ပါတီတိုင်းတွင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲမှုတွင်ပါဝင်ခွင့်ရှိသည်။

အဓိကနေထိုင်သောလူမျိုးများမှာ ဂျာမန်လူမျိုးများဖြစ်ကြသည်။ ရုံးသုံးဘာသာစကား အဖြစ်ဂျာမန်ဘာသာစကားကို အသုံးပြုသည်။ ဥရောပသမဂ္ဂ ဝင်နိုင်ငံများတွင်လည်း မကြာခဏသုံးနှုန်းပြောဆိုသော ဘာသာစကားဖြစ်သည်။ လက်ရှိလူဦးရေမှာ ၈၂.၃ သန်းနေထိုင်ပြီး တစ်စတုရန်းကီလိုမီတာတွင် ပျဉ်းမျှလူဦးရေ ၂၃၁ ဦးနေထိုင်သောကြောင့် ဥရောပနိုင်ငံများတွင် လူဦးရေ သိပ်သည်းမှုအများဆုံးနိုင်ငံလည်းဖြစ်သည်။ အမျိုးသားများ၏ ပျဉ်းမျှသက်တမ်းမှာ ၇၆ နှစ်ဖြစ်ပြီး၊ အမျိုးသမီးများမှာ ၈၁ နှစ်ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် ၅၃ သန်းနီးပါးရှိ၍ မွတ်စလင် ၃.၃ သန်း၊ ဗုဒ္ဓဘာသာ ဝင်၂၃၀၀၀၀၊ ဂျူးဘာသာဝင် ၁၀၀၀၀၀ နှင့် ဟိန္ဒူ ဘာသာဝင် ၉၀၀၀၀ အသီးသီးနေထိုင်ကြသည်။ လူဦးရေ၏ ၈၈% မှာမြို့ကြီးများနှင့် ယင်းတို့၏ တိုးချဲ့ဧရိယာများတွင် နေထိုင်ကြသည်။

ဂျာမနီသည် လက်ရှိ ဥရောပသမဂ္ဂတွင် စီးပွားရေးအင်အားအကြီးမားဆုံးဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် စီးပွားရေးအရ တတိယအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည်။ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်လုပ်မူ့တန်ဖိုးမှာ ၂၀၀၄ ခုနှစ်စာရင်းအရ ၂၂၁၆ ဘီလျံ ရှိသည်။ကမ္ဘာ့ ထိပ်တန်းကုန်တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး ပြည်ပတင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးစုစုပေါင်းမှာ ၂၀၀၇ ခုနှစ်တွင်ယူရို ၉၆၉ ဘီလျံထိရှိလာခဲ့သည် ။ အဓိက ကုန်သွယ်ဘက်နိုင်ငံများမှာ ပြင်သစ်အမေရိကန်ဗြိတိန် နှင့် အီတလီနိုင်ငံတို့ ဖြစ်ကြသည်။ အဓိကစီးပွားရေး ကဏ္ဍများမှာ မော်တော်ကားထုတ်လုပ်ခြင်း၊ စက်မှု လုပ်ငန်း၊ လျှပ်စစ်နှင့် စံညွှန်းကိုက်အင်ဂျင်နီယာလုပ်ငန်း၊ ဓာတုပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာနည်းပညာ၊ မျက်မှန်ပစ္စည်းများ၊ ဆေးကုသမှုနည်းပညာ၊ ဇီဝနည်းပညာနှင့် မျိုးရိုးဗီဇသုတေသနပညာ၊ နာနိုနည်းပညာ၊ လေကြောင်းနှင့် အကာသပညာထောက်ပံ့ရေးလုပ်ငန်းများ စသည်တို့ဖြစ်ကြသည်။

သမိုင်း[ပြင်​ဆင်​ရန်​]

ဂျာမနီနိုင်ငံသည် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့ကို မီးမွှေးခဲ့သော ဥရောပအလယ်ပိုင်းနိုင်ငံတခု ဖြစ်၏။ အနောက်ဘက်တွင် ပြင်သစ်၊ ဘယ်လဂျီယမ်နှင့် ဟော်လန်နိုင်ငံ၊ အရှေ့ဘက်တွင် ပိုလန်နှင့် ချက်ကိုစလိုဗေးကီးယားနိုင်ငံများ၊ မြောက်ဘက်တွင် ဒိန်းမတ်နိုင်ငံ၊ မြောက်ပင်လယ်နှင့် ဘောလတစ်ပင်လယ်တို့ ဝန်းရံလျက်ရှိသည်။ ဂျာမနီနိုင်ငံ၏ နယ်နိမိတ်မှာ ၂၀ ရာစုနှစ်အတွင်း စစ်မက်ဖြစ်ပွားမှုများကြောင့် ကြိမ်ဖန်များစွာ ပြောင်းလဲခဲ့ရလေသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် နိုက်ဆဲနှင့်အိုဒါမြစ်များ အရှေ့ဘက်ရှိ ဂျာမန်နယ်များကို ပိုလန်နိုင်ငံသို့လည်းကောင်း၊ ကေးနစ္စဗတ်မြို့တော် (ယခုအခေါ် လီနင်ဂရက်မြို့) အပါအဝင် အရှေ့ပရပ်ရှားပြည်နယ်၏ မြောက်ဘက်ပိုင်းကို ရုရှနိုင်ငံသို့လည်းကောင်း ပေးလိုက်ရသဖြင့် ယခုအခါ နိုက်ဆဲနှင့် အိုဒါမြစ်များမှာ ဂျာမနီနိုင်ငံ၏အရှေ့ဘက် နယ်နိမိတ် ဖြစ်နေလေပြီ။ သို့သော် အိုဒါမြစ်ဝရှိ ရှတက်တင်မြို့ကိုမူ နယ်နိမိတ်အတွင်း မသွင်းခဲ့ချေ။ တဖန် ဒုတိယကမ္ဘာစစ်အပြီး၌ ဂျာမနီနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၃၈၀၈၀ ဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အင်္ဂလိပ်၊ အမေရိကန်နှင့် ပြင်သစ်တို့က မိမိတို့ သိမ်းပိုက်ထားသော ဂျာမန်နယ်များကို စုပေါင်း၍ ပြည်ထောင်စုသမ္မတဂျာမန်နိုင်ငံခေါ် အနောက်ဂျာမနီနိုင်ငံအဖြစ် ကြေညာသောအခါ ရုရှတို့ကလည်း ထိုနှစ် အောက်တိုဘာလ (၇) ရက်နေ့မတိုင်မီ မိမိတို့ သိမ်းပိုက်ထားသော ဂျာမန်နယ်များကို ဒီမိုကရက်တစ်သမ္မတဂျာမန်နိုင်ငံခေါ် အရှေ့ဂျာမနီနိုင်ငံအဖြစ် ကျေညာလိုက်သည်။ အနောက်ဂျာမနီ၌ ဘာဗေးရီးယား၊ ဘားဒင်ဗာတင်ဗတ်၊ ဘရီမင်၊ ဟမ်းဘတ်၊ ဟက်ဆီ၊ ဆက္ကဆွန်နီအောက်ပိုင်း၊ ရိုင်းလန်း၊ ဝက်စဖေးလီးယားရှလဲဇွစ်ဟိုလစတိုင်နယ်များ ပါဝင်၍ အရှေ့ဂျာမနီ၌ ဗရန်ဒင်ဗတ်၊ မက္ကလင်ဗတ်၊ ဆက္ကဆွန်နီ၊ ဆက္ကဆွန်နီအန်ဟော့၊ သူရင်းဂျီးယားနယ်များ ပါဝင်ကြသည်။ အနောက်နှင့် အရှေ့ဂျာမနီနိုင်ငံများ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၉၆၇၀၀ နှင့် ၄၁၃၈၀ အသီးသီးတို့ ဖြစ်ကြလေသည်။ ဂျာမန်လူမျိုးများသည် ရုရှနိုင်ငံတောင်ပိုင်း မြက်ခင်းပြင်ဒေသတွင် နေထိုင်ခဲ့ကြသူတို့၏ အဆက်အနွယ်များ ဖြစ်ဟန်တူသည်။ ဘီစီ ၁၁၃ ခုနှစ်လောက်က ဥရောပတခွင်တွင်

ဂျာမန်မျိုးနွယ်များသည် ရောမအင်ပါရာအင်အားနည်းလာချိန်တွင် အရှေ့ဖက်မှဝင်ရောက်လာကြသည်။ ‌ရောမအင်ပါယာသည်အင်အားနည်းပါးနေပြီဖြစ်ရာ ဝင်ရောက်လာသော ဂျာမန်များကိုတွန်းလှန်နိုင်ခြင်းမရှိတော့ပေ။ သို့ဖြင့်ဂျာမန်နယ်များပေါ်ပေါက်လာပြီး မြို့ပြနိုင်ငံများထူထောင်ကြသည်။ အလယ်ခေတ်တွင်ပရပ်ရှားနယ်များဟုအမည်တွင်သည်။ နပိုလီယန်ကျဆုံးပြီးနောက်ပိုင်းတွင် ပရပ်ရှားနယ်များပိုမိုစည်းလုံးမိလာကြသည်။ စက်မှုလုပ်ငန်းများလည်းဖွံ့ဖြိုးလာသည်။ ပြင်သစ်နှင့်စစ်ဖြစ်ပွားရာအနိုင်ရသည်။ ပထမကိုင်ဇာဘုရင်သည် နန်းရင်းဝန် ဘစ္စမတ်၏အကူအညီဖြင့် ပရပ်ရှားနယ်များကို စုစည်းပြီးနောက် ဂျာမနီနိုင်ငံအဖြစ်ထူထောင်လိုက်သည်။ ဂျာမနီ၏အင်အားသည် ဒုတိယကိုင်ဇာဘုရင်လက်ထက်တွင် ပိုမိုအင်အားကြီးမားလာပြီး ပတ်ဝန်းကျင်နိုင်ငံများအားမထေမဲ့မြင်ပြုလာသဖြင့် အင်္ဂလိပ်၊ ပြင်သစ်တို့နှင့်မသင့်မသင့်ဖြစ်လာသည်။ ထွန်းကားလာသော စက်မှုလုပ်ငန်းများအတွက် ကမ္ဘာ့ဈေးကွက်ရှာဖွေရာ ဈေးကွက်ကိုယခင်ကတည်းကအုပ်စီးထားသော အင်္ဂလိပ်၊ ပြင်သစ်ကထိတ်လန့်လာကြသည်။ ပထမကမ္ဘာစစ်တွင် ဂျာမနီသည် ဩစတြီးယားဟန်ဂေရီ၊ တူရကီတို့နှင့်မဟာမိတ်ဖွဲ့ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှားတို့နှင့်စစ်ပြိုင်ရာ ရှုံးနိမ့်သဖြင့် အမျိုးမျိုးဖိနှိပ်ခံရသည်။ စစ်ပြီးခေတ်တွင်ဝိုင်မာသမ္မတနိုင်ငံဟုအမည်တွင်သည်။ ထို့နောက်ဟစ်တလာတက်လာပြီး စစ်ရေးအားထုတ်ကြိုပမ်းလာကာ ပတ်ဝန်းကျင်နိုင်ငံများအားတိုက်ခိုက်သိမ်းယူသဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမနီ ၊ အီတလီ၊ ဂျပန်တို့ကတစ်ဖက်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့်အမေရိကန်တို့ကတစ်ဖက် တိုက်ခိုက်ကြရာ ဂျာမန်တို့ရှုံးနိမ့်သည်။ စစ်ပြီးခေတ်တွင် ဂျာမနီအား အရင်းရှင်နိုင်ငံများကတစ်ခြမ်း၊ ကွန်မြူနစ်နိုင်ငံများကတစ်ခြမ်းသိမ်းပိုက်လိုက်ကြပြီး အရှေ့ဂျာမနီနှင့်အနောက်ဂျာမနီဟူ၍ပေါ်ပေါက်လာကာ စစ်အေးတိုက်ပွဲဆင်နွဲကြသည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် အရှေ့ဂျာမနီမှာ သီးခြားရပ်တည်နိုင်ခြင်းမရှိတော့ပဲ ဂျာမနီနှစ်နိုင်ငံပေါင်းစည်းလိုက်ကြသည်။