ဗူးဒပက်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Budapest
ဗူးဒပက်မြို့
ထိပ်မှ, ဘယ်မှညာ: မြို့၏ မြင်ကွင်းအားဒန်ညုမြစ် မှတွေ့ရပုံ။ ခြင်္သေ့ကြီးမှ တံတားအား စောင့်ရှောက်နေပုံ။ ဟီးရိုးစ် စကွဲယား။ဟန်ဂေရီ ပါလီမန် အဆောက်အအုံ။ ငါးဖမ်းသမား၏ ခံတပ်။ St. Stephen's Basilica။ ဂဲလက်တောင်မှ မြင်နေရသော ဗူးဒပက်မြို့ ညရှုခင်း နှင့်အတူ ဘယ်ဘက်မှ ဗူဒ ရဲတိုက်။
ထိပ်မှ, ဘယ်မှညာ: မြို့၏ မြင်ကွင်းအားဒန်ညုမြစ် မှတွေ့ရပုံ။ ခြင်္သေ့ကြီးမှ တံတားအား စောင့်ရှောက်နေပုံ။ ဟီးရိုးစ် စကွဲယား။ဟန်ဂေရီ ပါလီမန် အဆောက်အအုံ။ ငါးဖမ်းသမား၏ ခံတပ်။ St. Stephen's Basilica။ ဂဲလက်တောင်မှ မြင်နေရသော ဗူးဒပက်မြို့ ညရှုခင်း နှင့်အတူ ဘယ်ဘက်မှ ဗူဒ ရဲတိုက်။
Flag of Budapestဗူးဒပက်မြို့
Flag
Official seal of Budapestဗူးဒပက်မြို့
Seal
Location of Budapest in Hungary
Location of Budapest in Hungary
နိုင်ငံ ဟန်ဂေရီနိုင်ငံ
နိုင်ငံ ဗူးဒပက်မြို့, ဟန်ဂေရီနိုင်ငံ၏ မြို့တော်
အစိုးရ
 - မြို့တော်ဝန် Gábor Demszky website (SZDSZ)
ဧရိယာ
 - မြို့ပြ ၅၂၅.၁၆ km² (၂၀၂.၈ sq mi)
လူဦးရေ (2010)
 - မြို့ပြ ၁,၇၂၁,၅၅၆
 - သိပ်သည်းမှု ၃၂၄၁.၅/km² (၈၃၉၅.၄/sq mi)
 - ဆင်ခြေဖုံး ၂,၅၂၄,၆၉၇
 - မြို့ပြကြီး ၃,၂၇၁,၁၁၀
အချိန်ဇုန် CET (UTC+1)
 - Summer (DST) CEST (UTC+2)
Website budapest.hu

ဗူးဒပက်မြို့(/ˈbʊdəpɛst/, /ˈbjuːdəpɛst/; Template:IPA-hu)သည် ဟန်ဂေရီနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ဗီယင်းနာမြို့ အရှေ့မြောက်ဖက် ၁၃၅ မိုင်အကွာ ဒန်းညုမြစ်ပေါ်တွင် ခွ၍ တည်ရှိနေသော အမြွာမြို့ ဖြစ်သည်။ ဒန်ညုမြစ်၏ အနောက်ဖက် ကမ်းပေါ်ရှိ ဗူးဒမြို့အိုဗူးမြို့ဒမြို့တို့နှင့် အရှေ့ဖက် ကမ်းပေါ်ရှိ ပက်မြို့တို့ကို ပေါင်း၍ ဗူးဒပက်မြို့ဟု ခေါ်တွင်သည်။ ဗူးဒမြို့သည် တောင်ကုန်းပိုင်း၌ တည်၍ ပက်မြို့မှာမူ မြေနိမ့်ပိုင်းတွင် တည်သည်။ တဖက်ကမ်းနှင့် တစ်ဖက်ကမ်းကို တံတားကြီး ၆ ခုဖြင့် တင့်တယ်ခမ်းနားစွာ ဆက်သွယ်ထားရာ၊ လန့်ဇစ်တံတားသည် ဥရောပတိုက်တွင် တခါက အကြီးဆုံး တံတား တစ်ခု ဖြစ်သည်။ [၁] [၂]

တည်ထောင်မှု သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ဗူးဒပက်မြို့ကို ၂ ရာစုနှစ်ခန့်ကစ၍ ရောမလူမျိုးတို့ တည်ထောင်ခဲ့ကြသည်။ ယခု အိုဗူးဒမြို့တည်နေရာတွင် တည်ရှိ၍ အက်ကွင်းကမ်းမြို့ဟူ၍ ခေါ်သည်။ ကဲလတစ်ဘာသာစကားဖြင့် အက်ကွင်းမြို့ဟူသည်မှာ ဆေးစမ်းဟု အဓိပ္ပါယ်ရ၏။ ယင်းမြို့၏ ပတ်ဝန်းကျင်တွင် ကျန်းမာရေးအတွက် အလွန်အဖိုးတန်သော နာမည်ကျော် ဆေးစမ်းများ ရှိသောကြောင့် ဖြစ်သည်။ ခရစ်နှစ် ၃၇၆ ခုနှစ် လွန်သောအခါ ဟန်း၊ အောစတြိုဂေါ့သ၊ အဗား၊ ဆလဗ စသော လူမျိုးများ အဆက်ဆက် ဝင်ရောက်နေထိုင်ကြကာ ဗူးဒနှင့် ပက်မြို့များ ပေါ်ပေါက်လာသည်။ ၁၃၆၁ ခုနှစ်တွင် ဗူးဒမြို့သည် ဟန်ဂေရီနိုင်ငံ၏ မြို့တော် ဖြစ်လာသည်။

ဗူးဒပက်မြို့၌ ရှိသော အော်ပရာ ပြဇာတ်ရုံတစ်ရုံ

၁၅၂၆ ခုနှစ်မှ ၁၆၈၆ ခုနှစ်အထိ မကြာခဏဆိုသလိုပင် တူရကီတို့က သိမ်းပိုက်ထားခဲ့သည်။ ၁၈၀၀ ပြည်နှစ်နောက်ပိုင်းတွင် ပက်မြို့သည် ဗူးဒမြို့ထက် ပို၍ စည်ကား ဖွံ့ဖြိုးလာသည်။ ၁၈၇၂ ခုနှစ်တွင် ဗူးဒမြို့နှင့် ပက်မြို့ကို ပေါင်း၍ ဗူးဒပက်မြို့ဟု မှည့်ခေါ်သည်။ ထိုအချိန်မှစ၍ ဗူးဒပက်မြို့သည် ဒီရေအလား တိုးတက်စည်ကား လာခဲ့သည်။ ဒန်းညုမြစ်ပေါ်၌ ဗီယင်းနားမြို့မှ လွဲလျှင် ဗူးဒပက်မြို့သည် အကြီးဆုံး ဆိပ်ကမ်းမြို့ ဖြစ်၍ သင်္ဘောများစွာ ဥဒါဟို ဝင်ထွက် သွားလာနိုင်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်း ၁၉၄၄-၄၅ ခုနှစ်တွင် ဗူးဒပက်မြို့ထဲ၌ ဂျာမန်နှင့် ရုရှားစစ်တပ်များ အတန်ကြာ တိုက်ပွဲဖြစ်ပွားရာ မြို့သည် များစွာ ပျက်ဆီးသွားသဖြင့် ပြန်လည် ထူထောင်ရလေသည်။

ဗူးဒပက်မြို့မှ ဝေဟင်မှ မြင်ရပုံ

ထင်းရှားသော အဆောက်အဦးများ[ပြင်​ဆင်​ရန်​]

ဗူးဒပက်မြို့တွင် ရှေးဟောင်းနှင့် ခေတ်သစ် အဆောက်အအုံ အများအပြား ရှိသည်။ အထူးသဖြင့် ဗူးဒမြို့တွင် ရှေးက ဆောင်လုပ်ခဲ့သော ဘုရင့်နန်းတော်၊ ဘိသိက်ခံ ဘုရားရှိခိုးကျောင်း စသည့် ရှေးဟောင်း အဆောကအအုံများ ရှိ၍ ပက်မြို့ဖက်တွင်မူ စက်မှုလုပ်ငန်းနှင့် အရောင်းအဝယ်ဌာနများရှိရာ၊ ခေတ်မှီအဆောက်အအုံများဖြင့် စည်ကားလျှက် ရှိသည်။ ပါလီမန်လွှတ်တော်နှင့် ဟန်ဂေရီနိုင်ငံ၏ အထင်ရှား အကြီးအကျယ်ဆုံးသော ဗူးဒပက်တက္ကသိုလ် အဆောက်အုံတို့သည် ပက်မြို့ဖက်၌ တည်ရှိသည်။ ဥရောပတိုက်ရှိ အလှပဆုံးသော လမ်းတလမ်း ဖြစ်သည့် အန္ဒရာစီစကြာစီလမ်းသည် ပက်မြို့၌ ရှိသည်။ ဗူးဒပက်မြို့သည် ဟန်ဂေရီ တနိုင်ငံလုံးမှသာမက ပတ်ဝန်းကျင် နိုင်ငံများဖြစ်သော ရုရှားနိုင်ငံချက်ကိုဆလိုဗားကီးယားနိုင်ငံဩစတြီးယားနိုင်ငံ၊ ယူဂိုဆလားဗီးယားနှင့် ရူမေးနီးယားနိုင်ငံတို့မှ လာသော မီးရထားလမ်းတို့ ဆုံရာ မြို့ကြီးဖြစ်သည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

ထို့ကြောင့် ဗူးဒပက်မြို့၏ အဓိက လုပ်ငန်းဖြစ်သော ဂျုံစပါးအရက်၊ ဆေးရွှက်၊ သားရေလျှော်နှင့် ကျွဲနွား မွေးမြူရေး စသည့် လုပ်ငန်းကြီးများမှ ထွက်သော ကုန်စ္စည်းများကို မီးရထားလမ်းနှင့် တဖုံ၊ ဒန်းညုမြစ်တလျှောက် ရေလမ်းဖြင့် တသွယ် နိုင်ငံအရပ်ရပ်သို့ တင်ပို့နိုင်သည်။ ဗူးဒပက်မြို့ သည် ပထမဆုံးသော မြေအောက် ထရောလီလမ်းကို ဖောက်လုပ်ခဲ့သည့် မြို့ ဖြစ်လေသည်။ ဥရောပတိုက် တစ်တိုက်လုံးတွင် အကြီးဆုံးသော လျှပ်စစ်လုပ်ငန်းကြီးများ ဗူးဒပက်မြို့တွင် ရှိသည်။

ဗူးဒပက်ရှိ ဒုတိယ ကမ္ဘာစစ် အထိမ်းအမှတ်

လူဦးရေ[ပြင်​ဆင်​ရန်​]

၁၉၆၀ ပြည့်နှစ် ခန့်မှန်းခြေအရ ဗူးဒပက်မြို့၏ လူဦးရေသည် ၁၈၀၇ ၂၉၉ ယောက်ဖြစ်သည်။ ယင်းတို့အနက် ၉၀ ရာခိုင်နှုန်းသည် ဟန်ဂေရီ လူမျိုးများ ဖြစ်၍ နိုင်ငံခြားသာ အလွန်နည်းခဲ့သည်။ ယခုအခါ ဗူးခရက်မြို့၏ လူဦးရေမှာ ၂၀၁၀ ခုနှစ် စစ်တမ်းအရ ၁,၇၂၁,၅၅၆ ယောက် ဖြစ်သည်။ [၃]

[၄]


ဗူးဒပက်မြို့၏ လှပသော ဓာတ်ပုံများ[ပြင်​ဆင်​ရန်​]


ဗူးဒ ရဲတိုက်မှ စ၍ တွေ့ရသော ဗူးဒပက်မြို့၏ရှုခင်းကျယ်
ဗူးဒ ရဲတိုက်မှ စ၍ တွေ့ရသော ဗူးဒပက်မြို့၏ရှုခင်းကျယ်

ကိုးကား[ပြင်​ဆင်​ရန်​]

  1. "Beauty and the Feast", Time, 2002-03-18. 2008-05-22တွင် ပြန်စစ်ပြီး. 
  2. မြန်မာ့စွယ်စုံကျမ်း
  3. www.krakow.pl. http://www.krakow.pl/otwarty_na_swiat/?LANG=UK&MENU=l&TYPE=ART&ART_ID=16. Retrieved 2009-07-19.
  4. မြန်မာ့စွယ်စုံကျမ်း အပိုင်း-၈၊ အတွဲ-ခ၊ နှာ-၁၁

ပြင်ပ အဆက်သွယ်များ[ပြင်​ဆင်​ရန်​]

Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။

နိုင်ငံများ

Battoe19 ၁၄:၁၁၊ ၁၅ စက်တင်ဘာ ၂၀၁၀ (UTC)