ဂန္ထ၀င်အဆိုတော်ကြီး (ဦး) တင်လှိုင်ကွယ်လွန်

အမုန်းခွန်အားပေးသနားပါ သီချင်းမှာ ဦးတင်လှိုင်၏ နာမည်ကျော်တေးသီချင်းတစ်ပုဒ်ဖြစ်သည်။ (ဓာတ်ပုံ − သာဇော်)

 ‘အမုန်းခွန်အားပေး သနားပါ’ သီချင်းအပါအဝင် နာ မည်ကြီး အလွမ်းအဆွေးသီချင်း များသီဆိုခဲ့သည့် ဂန္ထဝင်အဆို တော်ကြီး (ဦး) တင်လှိုင်သည် ယမန်နေ့တွင် စမ်းချောင်းမြို့နယ်ရှိ ဆာကူရာဆေးရုံ၌ ကွယ်လွန်ခဲ့သည်။

‘‘ကိုတင်လှိုင်၊ ကိုသန်းလှိုင် ဆိုတာရေဒီယိုမှာ အရင်ခေတ် ကတည်းက ဓာတ်ပြားရအဆို တော်ကြီးတွေ၊ တိပ်ခွေမှာလည်း အတွဲထွက်ခဲ့ကြတာ’’ ဟု ကွယ် လွန်သူနှင့် ရင်းနှီးကျွမ်းဝင်သူ ကိုသာဇော်က ပြောသည်။


(ဦး)တင်လှိုင်သည် ကင် ဆာရောဂါဖြင့် ကွယ်လွန်ခြင်း ဖြစ်ပြီး မကွယ်လွန်မီအထိ ဂီတ ဖြင့်ရှင်သန်ခဲ့သူ ဖြစ်ကြောင်း ၎င်း ကပြောကြားသည်။

‘‘သူက အလွမ်းအဆွေးတွေ ပဲဆိုတော့ တေးပလ္လင်ကအဆွေး ဘုရင်လို့တောင် တင်စားကြတယ်’’ဟု ကိုသာဇော်ကဆိုသည်။

ဦးတင်လှိုင် ကွယ်လွန်ချိန် တွင် အသက် (၈၃) နှစ်ရှိပြီဖြစ်ပြီး ဇွန်လ ၂၅ ရက်၌ ထိန်ပင်သုသာန် တွင် မီးသဂြိုဟ်မည်ဖြစ်ကာ အရိုးပြာကို (ဦး) တင်လှိုင်၏ မွေး ရပ်ဇာတိ ရေနံချောင်း၌ ဂူသွင်း မည်ဖြစ်သည်။

Top News