မန္တလေးစက်မှုဇုန်မြေကွက်များ ဂရန်သက်တမ်းတိုးပေးရေး ဝန်ကြီးချုပ်ထံတင်ပြမည်

မန္တလေးစက်မှုဇုန်မြေကွက်များ ဂရန်သက်တမ်းတိုးပေးရေး ဝန်ကြီးချုပ်ထံတင်ပြမည်

မန္တလေးစက်မှုဇုန်အပိုင်း (၁) မှ မြေကွက်များမှာ ဂရန်သက်တမ်း နှစ် (၃ဝ) ပြည့်ရန် တစ်နှစ်သာကျန်ရှိ၍ ဂရန်သက်တမ်းတိုးရန် အရေးတကြီး လုပ်ငန်းဖြစ်နေသဖြင့် One Stop Service ဖြင့် ဆောင်ရွက်ပေးရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လိပ်မူတင်ပြမည်ဖြစ်ကြောင်း မန္တလေး စက်မှုဇုန် စက်မှုစီမံခန့်ခွဲရေးကော်မတီ ဒုဥက္ကဌဦးနေဝင်းက ပြောသည်။

''ဒုတိယမြို့တော်ဝန် စက်မှုဇုန် လာတုန်းက နှုတ်အားဖြင့်တင်ပြခဲ့ တယ်။ ကော်မတီအစည်းအဝေး ထိုင် ပြီးတော့ ဝန်ကြီးချုပ်ဆီ လိပ်မူပြီး စည်ပင်သာယာကို မိတ္တူပို့ပါမယ်။ ဂရန်သက်တမ်းက နှစ် (၃ဝ) ပြည့်ဖို့ တစ်နှစ်ပဲလိုတော့ အရေးတကြီးကိစ္စ တစ်ခုအဖြစ်ဆောင်ရွက်မှာပါ။ပြေလည် မယ်လို့ မျှော်လင့်ပါတယ်။ စက်မှုဇုန် မှာ One Stop Service နဲ့ လုပ်ပေး မယ်ဆိုရင် ကော်မတီက ကူညီပေးသွား မယ်'' ဟု ၎င်းကပြောသည်။

မန္တလေးစက်မှုဇုန်ဧရိယာ ၁၈၂ဝ ဧကတွင် ၁၉၉၁ ခုနှစ်က ပထမဆုံး တည်ထောင်ခဲ့သည့် အပိုင်း (၁) မြေ ဧရိယာ ၈၅၁ ဧကပေါ်၌ အကွက် ပေါင်း ၂ဝဝဝ ကျော် သက်တမ်းတိုး ရန် အရေးတကြီး လိုအပ်နေခြင်းဖြစ်သည်။

''ဒုဥက္ကဌပြောသလို စက်မှုဇုန် မြေတွေ ဂရန်သက်တမ်းတိုးဖို့၊ စက်မှု ဇုန်က နောက်ခန်းမမှာလုပ်ဖို့ အကြံပြု သလို ဒီအတိုင်းပြီးမသွားဘဲနဲ့ ကော်မတီ က လုပ်ငန်းရှင်တွေအကျိုး ရှေးရှုပြီး ကြိုးပမ်းပေးဖို့ ပြောချင်တယ်။ ကော်မတီ အနေနဲ့ နည်းလမ်းရှာဆောင်ရွက် ပေးဖို့ အကြံပြုပါတယ်'' ဟု စက်မှုဇုန် လုပ်ငန်းရှင် ဦးမြင့်သိန်းက ပြောသည်။

မန္တလေးစက်မှုဇုန်ကို ၁၉၉၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီးလက်ရှိတွင် စက်မှုဇုန်အပိုင်းသုံးခုရှိရာ စက်ရုံစုစုပေါင်း ၁၁၈ဝ ရုံရှိပြီး လုပ်ငန်း အမျိုးအစားပေါင်း ၂ဝ ဖြင့် လုပ်ငန်း လည်ပတ်နေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်