အလင်းရောင် ရဲ့ Oh My Crush

Event Date: 

Sat, 21/05/2016 - 13:00-16:00 (ended)

Organizer: 

Alinn Yaung

Venue: 

ကားပိတ်တဲ့အကြောင်း၊ အချစ်အကြောင်း၊ ကိုယ်တိုင်ကြုံတွေ့ရတဲ့ပြဿနာများကို သီချင်းများအဖြစ် နားဆင်ရမယ့် အလင်းရောင်ရဲ့ Oh My Crush ဆိုတဲ့ တစ်ကိုယ်တော်စီးရီး ကို ၂၀၁၆ ခုနှစ် မေလ ၂၁ ရက်မှာ ဘိုဘိုတေးထုတ်လုပ်ရေးကနေ ဖြန့်ချိပေးမှာဖြစ်ပါတယ်။ သီချင်း ၁၂ ပုဒ်ပါဝင်တဲ့ဒီစီးရီးမှာ တေးရေး ရွှေဂျော်ဂျော်၊ ဂျမန်း၊ ယုန်လေး၊ ရေမွန်၊ ဘန်နီဖြိုး၊ သားသား၊ ညီမင်းခိုင်၊ ကလုန်း၊ ရဲထူး တို့ရေးသားထားတာဖြစ်ပါတယ်။ ၀ိုင်းစုခိုင်သိန်း၊ အိမ့်ချစ် နဲ့ Jewel တို့က featuring အနေနဲ့ အလင်းရောင်ရဲ့ စီးရီးမှာ သီဆိုပေးထားပါတယ်။

စီးရီးခေါင်းစဉ်ဖြစ်တဲ့ Oh My Crush သီချင်းကို တေးရေးရွှေဂျော်ဂျော်က ရေးသားထားတာဖြစ်ပြီး လူငယ်တော်တော်များများသုံးတဲ့ စကားလုံး၊ လူတိုင်းခေါ်ရတာလွယ်တဲ့စကားလုံးဖြစ်တာကြောင့် အရင်ပေးထားတဲ့ ရင့်ကျက်လာပြီး နာမည်မပေးတော့ပဲ Oh My Crush ကိုပေးဖြစ်တာလို့ အလင်းရောင်ကဆိုပါတယ်။ pop, slow rock, R&B သီချင်းအမျိုးအစားတွေပါဝင်တဲ့ ဒီစီးရီးထွက်ရှိတဲ့ မေလ ၂၁ ရက်နေ့လည် ၁ နာရီ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် (ဦ၀ိစာရ၀င်ပေါက်)ဘက်မှာ အလင်းရောင်က အနုပညာမောင်နှမများနဲ့ အမှတ်တရ လက်မှတ်ထိုးပေးမှာဖြစ်ပါတယ်။

ရုက်ရှင်ဇာတ်ကားရုံတင်တဲ့အချိန်တုန်းကလဲ ရင်ခုန်ခဲ့ရသလို အခုအချိန်မှာလဲ ကိုယ်တိုင်စီစဉ်ထုတ်လုပ်ထားတဲ့ တစ်ကိုယ်တော်စီးရီးကို ပရိသတ်တွေကြိုက်ပါ့မလား၊ ၀ယ်ပါ့မလား၊ ပရိုမိုးရှင်းနေ့မှာ ပရိသတ်တွေလာပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေတယ်လို့ အလင်းရောင်က ဆိုပါသေးတယ်။