bnr_tob_1

2019.07.24LIFE&TREND

မုန့်ဟင်းခါး နှင့် မြန်မာလူမျိုး

မုန့်ဟင်းခါးဆိုတာကတော့ မြန်မာမူပိုင် ရိုးရာအစားအစာ တစ်ခုဖြစ်တဲ့အပြင် မနက်စာအဖြစ်နေ့တိုင်းလိုလို စားဖြစ်နေကြပါတယ်။ စရိတ်စကသက်သာပြီး အရသာရှိလှတဲ့ မုန့်ဟင်းခါးကိုတော့ မြန်မာတိုင်း နှစ်သက်ကြပါတယ်။ ငါးစွပ်ပြုတ်ကို အခြေခံပြီး ဆန်ဖြင့်ပြု လုပ်ထားသော မုန့်ဖတ်၊ ညှပ်ဖက် များနှင့် တွဲဖက်စားသုံးရသော အစားအစာပါ။ Protein နှင် Carbon Hydrate တို့ကြွယ်ဝစွာ ပါဝင်ပါတယ်။ အရပ်ဒေသကို လိုက်ပြီး ချက်ပုံချက်နည်းနဲ့ အရသာတို့ကတော့ အနည်းငယ် ကွာခြားပါတယ်။
ပုသိမ် မုန့်ဟင်းခါး
ရန်ကုန်မုန့်ဟင်းခါး
မြောင်းမြမုန့်ဟင်းခါး
မော်လမြိုင် မုန့်ဟင်းခါး
ဘိုကလေး မုန့်ဟင်းခါး
ဝါးခယ်မ ငရုပ်ကောင်းချက် မုန့်ဟင်းခါး
ဟင်္သာတ မုန့်ဟင်းခါး
ဖျာပုံ မုန့်ဟင်းခါး
အင်းလေး မုန့်ဟင်းခါး
တောင်ငူ မုန့်ဟင်းခါး
ကရင် မုန့်ဟင်းခါး
ထားဝယ် မုန့်ဟင်းခါး
တပင်တိုင် မုန့်ဟင်းခါး အစရှိသဖြင့် ဒေသအလိုက် ကွဲပြားပါတယ်။ အဓိကအားဖြင့် ငါးခူ၊ ငါးကျည်း၊ ငါးရံ့ အစရှိသော ရေချိုငါးများနှင့် ချက်ပြုတ်ကြပါတယ်။ ငါးကို တစ်မျိုးတည်းမဟုတ်ပဲ နှစ်မျိုး သုံမျိုးစပ်ချက်တဲ့ မုန့်ဟင်းခါးကတော့ ပိုမိုအရသာရှိတယ်လို ဆိုပါတယ်။ ငါးရှားပါးတဲ့အရပ်တွေမှာဆိုရင် ကြက်သား၊ အမဲသားကို အသုံပြုပေမယ့် ငါးနဲ့ချက်ထားတဲ့ မုန့်ဟင်းခါး ကိုတော့ မမှီပါဖူး။ ပုဇွန်ဥ၊ ကဏန်းတို့နှင့်လည်း တစ်မျိုးစမ်းပြီး ချက်ပြုတ်ကြပါတယ်။ တခြားပါဝင်ပစ္စည်းများနဲ့ တွဲဖက်စားသုံးစရာ အမယ်များကလည်း ဒေသအလိုက် မူကွဲပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ် မုန့်ဟင်းခါး များကတော့ ငါးအရသာစစ်စစ်နှင့် လူကြိုက်များလှပါတယ်။ တောချက်မုန့်ဟင်းခါး ရယ်လို့လည်း ခေါ်ပါသေးတယ်။ နေရာတိုင်းမှာအရနိုင်တဲ့ မုန့်ဖက်အပြားကို ညှပ်ပေးတဲ့ လက်လုပ် ညှပ်ခေါက်ဆွဲဖက် နှင့် ရရှိနိုင်ပါတယ်။ တချို့ကတော့ မြို့ချက်လို့ခေါ်တဲ့ ရန်ကုန်မုန့်ဟင်းခါးကို နှစ်သက်ကြပါတယ်။ မြန်မာ မုန့်ဟင်းခါး ကတော့ မြန်မာလူမျိုးများအများစုရှိရာ Singapore, Thai, Malaysia, Japan, Korea, UK, USA နိုင်ငံများအထိ ပေါက်ရောက်နေပြီဖြစ်ပါတယ်။ မုန့်ဟင်းခါးခြောက် အမှုန့်အဖြစ် အလွယ်တကူရရှိနေပြီဖြစ်ပါတယ်။
မုန့်ဟင်းခါးကတော့ ကုန်းဘောင်ခေတ်လောက်က စတင်ပေါ်ပေါက်လာတယ်လို့ ခန့်မှန်းကြပါတယ်။ ဒေါက်တာ ဦးခင်မောင်မြင့် ပြောပြချက်အရတော့ ခေတ်အဆက်ဆက် နန်းတွင်းဟင်းချက်နည်း စာအုပ်တွေမှာ မှတ်တမ်းတင်ထားခြင်း မတွေ့ရတာမို့ သာမန်အရပ်အစားအစာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ သို့သော်လည်း ယနေ့ခေတ်မှာတော့ လူမျိုးဘာသာမရွေး မြန်မာတိုင်းကြိုက်နှစ်သက်စွာ စားသုံနေတဲ့အပြင် သာရေး နာရေး အလှူပွဲတွေမှာ အခရာ အစားစာတစ်ခု ဖြစ်ပါတယ်။
အာဟာရတန်ဖိုးမြင့်မားပြီး စားသုံးသူ ဝယ်လိုအားများပြားတဲ့ မြန်မာအစားအစာဟာဆိုရင်ဖြင့် စီးပွားရေးလိုအပ်ချက်များအရ ဘေးဖြစ်စေတဲ့ Formalin ကို မုန့်ဖက်လုပ်ရာမှာ တာရှည်ခံစေရန်ထည့်သွင်းလာကြတာဟာ အင်မတန်ကြောက်မက်ဖွယ်ကောင်းလှပါတယ်။

ဒါကြောင့် မြန်မာတို့ရဲ့ ရိုးရာအစားအစာ မုန့်ဟင်းခါး ကို မတိမ်ကောစေပဲ နှစ်သက်ဖွယ်ရာ အစားအစာအဖြစ် တည်မြဲစေလိုပါတယ်။

By : Thinn Thiri San

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img